Showing posts with label ဗဟုသုတ. Show all posts
Showing posts with label ဗဟုသုတ. Show all posts

Friday, March 8, 2013

အစ္စလာမ့် အမိန့်ပညတ်တော်များဆိုင်ရာ သိကောင်းစရာ

သန္ဓေတည်တဲ့ အချိန်ကစပြီးတော့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှ လူ့ရဲ့ခန္ဓာကိုယ် ဖွံ့ဖြိုးလာမှု အဆင့်ဆင့်ကို 

သိပ္ပံပညာရှင်များနဲ့ ၊ ဆေးသုတေသီများက လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်လောက်မှ စတင်သိရှိခဲ့တာဖြစ်ပါတယ် ။

ဒါပေမယ့် ရှေးနှစ်ပေါင်း(၁၄၀၀)အရင်ကတည်းက ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ အလ္လာဟ်ရှင်မြတ်က အခုလို မိန့်ကြားတော်မူခဲ့တယ် …

“ မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွံ့မြေရဲ့ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကာလရေကြည် (သုက်ရည်)ဖြစ်စေတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ ကာလရေကြည် (သုက်ရည်)ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်တယ် ။

တစ်ဖန်ငါအရှင်မြတ်သည် အဲဒီ သွေးခဲကို အသားတုံးအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်တယ်။

အဲဒီနောက်.. ငါအရှင်မြတ်သည် အဲဒီ အသားတုံးကို အရိုးများ အဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ အရိုးများကို အသားဖြင့် တန်ဆာ ဆင်မြန်း၍ ပေးတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ (အသားဖြင့်ဆင်မြန်းပြီးသောအရိုးများ)ကို အခြား ဖန်ဆင်း အပ်သော အရာတစ်ခု (လူသား)အဖြစ် ဖြစ်ထွန်းလာစေတော်မူခဲ့တယ် ။

သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်ရှင်မြတ်သည် အဘယ်မျှထူးကဲ မြင့်မြတ်လှပါသနည်း ။ ”

(ကုရ်အာန် - ၂၃း ၁၂ - ၁၄)

ကျွန်တော့် ချစ်မောင်နှမများ . . .

အရာခပ်သိမ်းအားလုံးကို ဖန်ဆင်းတော်မူသော အလ္လာဟ်ရှင်မြတ်ရဲ့ မုအ်ဂျေဇဟ်(တန်ခိုးတော်တွေ)ကို သိရှိပြီးနောက် 

အလ္လာဟ်ရှင်မြတ်ကို မြောက်မြားစွာ ချီးမွမ်းထောပနာပြုကြပါစို့ 

سبحان الله العظيم

Wednesday, March 6, 2013

သံဝေဂတရား ရရှိနိင်မည်. နဗီကြီး၏ ဆိုဆုံးမ စကားးး


သံဝေဂတရား ရရှိနိင်မည်. နဗီကြီး၏ ဆိုဆုံးမ စကားးး

တနေ.သောအခါ လောကီ လောကုတ္တရာ နှစ်ဘ၀လုံးရဲ. လမ်းပြ ကိုယ်တော်မြတ်သခင်(ဆွ)သည် ချစ်ဇနီးအာအေရှာဟ်(ရသွေ့ )သခင်မနှင့် တူတူထိုင်နေစဉ် အိမ်ရှေ.မှ အမျိုးသမီးတဦးဖြတ်သွားသည်ကို မြင်လိုက်ပီး အာအေရှာဟ်(ရသွေ.)သခင်မက ဤအမျိုးသမီးသည် အတော်ပင်အရပ်ပု သည်ဟုပြောမိလေသည်...ထိုအခါ ကိုယ်တော်မြတ်(ဆွ)သခင်က အိုအာအေရှာဟ် ယခုအသင်မရဲ. ဤစကားတခွန်းသည် ကျွန်ပ်တို.အား ကျွေးမွေးစောက်ရှောက်တော်မူသော ALLAH ရှင်မြတ်ထံတော်ပါးတွင် အဘယ်မျှ သေးသိမ်သွားပါသနည်းဟုဆိုရလျှင် အသင်မ၏ ဒီစကားတခွန်းအားကိုယူ၍ ပင်လယ်ထဲသို. နှစ်လိုက်မည်ဆိုပါက ငံနေသောပင်လယ်ရေတို.သည် ထိုစကားတခွန်းကြောင့် ခါးကုန်လိမ့်မည်ဟု ဆိုဆုံးမတော်မူလေသည်......

ထိုကြောင့် ညီအကိုမောင်နှမများခင်ဗျာ...ကျွန်တော်တို.သည် တခြားသော သူတပါးတို.အား ပုတ်ခတ်ပြောခြင်း အတင်းပြောခြင်း ကုန်းချောခြင်း နှင့် သူတပါးအား ထိခိုက်စေသော ပြောဆိုခြင်း လုပ်ဆောင်ခြင်းတို.မှ ရှောင်ကြရန် အထူး ဂရုစိုက်သင့်ပေသည်.....ALLAH ရှင် ကျွန်တော်နှင့်တကွ ညီအကိုမောင်နှမ များ အားလုံးကို ထိုသို. ဖြစ်ရပ်များမှ ရှောင်ရှားနိင်သော အရည်အချင်း ပေးသနားတော်မူပါစေ......

Saturday, December 15, 2012

သင်တို့၏ မိဘ နှစ်ပါးအပေါ်ကောင်းမွန်စွာဆက်ဆံကြလေကုန်

မိဘနှစ်ပါးကို ကောင်းမွန်စွာပြောဆိုဆက်ဆံခြင်းနှင့် စပ်လျဉ်းသော အမိန့်ပညတ်ချက်(၅)ချက်
(၁)မိဘနှစ်ပါးကို ရိုသေသမူ့ကင်းမဲ့သော စကားအသုံးအနှုန်းမျိုးဖြင့် ပြောဆိုခြင်း၊ယဉ်ကျေးမူ့ကင်းမဲ့သော အမည်မျိုးဖြင့် ခေါ်ဝေါ်ခြင်း ၊စိတ်ထိခိုက်စေနိုင်သော စာလုံးမျိုးဖြင့် ပြောဆိုဆက်ဆံခြင်း မည်သည့်အကြောင်းကြောင့် ပင်ဖြစ်ပါစေ မပြုပိုင် မလုပ်ပိုင်သော (ဟရာမ်) နည်းလမ်းဖြစ်ပေသည်။
(၂)မိဘနှစ်ပါးသည် အသင်မနှစ်သက်သော အလုပ်တစ်ခုကို လုပ်ကိုင်နေပါက အကယ်၍ထိုအလုပ်သည် အစ္စလာမ်တရားတော်၌ ပြုလုပ်ပိုင်ခွင့်ရှိသော အလုပ်ဖြစ်ပါက အသင်မနှစ်သက်လင့်ကစား မိဘနှစ်ပါးအပေါ်၌ တစ်စုံတစ်ရာ မကောင်းကြောင်း မပြောဆိုလေနှင့်။ထိုကဲ့သို့ မကောင်းထင်မြင် ပြောဆိုခြင်းမှာ လုံးဝ မပြုပိုင်သော အရာဖြစ်ပေသည်။ ထိုကဲ့သို့ အကြောင်းအရာများ ကျွန်တော်တို့ နေ့ည မပျက် တွေ့မြင်နေရပေသည်။စီးပွားရေးလုပ်ငန်းရှင်များ ကုန်သည်များ မပြောပါးလောက်သော ကိစ္စရပ်ကလေးဖြင့် မိဘနှစ်ပါးကို အပြစ်ပြောဆိုလေ့ရှိကြပေသည်။ထိုသို့ပြောဆိုခြင်းသည် လုံးဝ လုပ်ပိုင်ခွင့်မရှိပေ။
(၃)ချိုသာနူးညံ့သော အသုံးအနှုန်းမျိုးဖြင့် မိဘနှစ်ပါးကို ခေါ်ဆိုရပေမည်။ယဉ်ကျေးသိမ်မွေ့စွာ ပြောဆို ဆက်ဆံရပေမည်။
(၄)မိဘနှစ်ပါး၏ရှေမှောက်တွင် ကျိုးငယ်စွာ မိမိကိုယ်ကို နိမ့်ချ၍နေထိုင်ရပေမည်။မိမိစိတ်လိုလားရာစိတ်ဆန္ဒများကိုစွန့်လွတ်ပြီး မိမိဘဝတစ်ခုလုံးကို မိဘနှစ်ပါး လိုလားနှစ်သက်သည့်အတိုင်း မြေဝယ်မကျ ကြည်ဖြူနှစ်သက်စွာ လိုက်နာကျင့်သုံးရပေမည်။မိဘနှစ်ပါးလုပ်ဆောင်ရန် လိုလားချက်များကို တားမြစ်ဟန့်တားခြင်း မပြုလုပ်ရပေ။
(၅)မိဘနှစ်ပါးအတွက် အပြစ်များအားလုံး လွတ်ငြိမ်းချမ်းသာခွင့်ရရှိရန် အမြဲဆုမွန်ဒိုအာ တောင်းခံပေးရပေမည်။
(သဖ်စီးရ် ခါဇင်န် တွဲ (၅) .စာမျက်နှာ(၁၂၆) )
ကုရ်အာန်ကျမ်းတော်မြတ်တွင် မိဘနှစ်ပါးကိုပြောဆိုဆက်ဆံရာတွင် (အို့)ဟူသော စာလုံးပင် မသုံးရင် လာရှိထားပေသည်။အေမာမ်မိုဂျာဟိဒ် သခင်ကြီးက အကျယ်ပြန့် မိန့်ဆိုသည်မှာ အကယ်၍မိဘနှစ်ပါး အသက်အရွယ်ကြီးလာသောကြောင့် ကျင်ကြီး၊ကျင်ငယ် ထိန်းချုပ်နိုင်စွမ်းမရှိပဲ အသင်ရှေ့မှောက်၌ ကျင်ကြီးကျင်ငယ် စွန့်မိသွားပါက မိမိနုတ်လျှာမှ အို့ အွန့် ဆိုသည့် မနှစ်သက်သည့် ပုံစံမျိုး လုံးဝမပြုလုပ်လေနှင့်။အဘယ်ကြောင့်ဆိုသော် အသင်ငယ်စဉ်ဘဝက မိဘ၏ရင်ခွင်ထဲ၌ တစ်ကြိမ်မက အကြိမ်ပေါင်းစွာ ကျင်ကြီးကျင်ငယ်စွန့်ခဲ့ဖူးပေသည်။
အေမာမ်ဟဆန်သခင်ကြီးက အမိန့်ရှိသည်မှာ မိဘနှစ်ပါးကို ကောင်းမွန်စွာ ဆက်ဆံခြင်း၊ကျေဇူးသိတက်ခြင်းဆိုသည်မှာ အသင်ထံ၌ရှိသော ဥစ္စာပစ္စည်းများကို ထိုမိဘနှစ်ပါးအတွက် သုံးစွဲခြင်း၊မကောင်းမူ့ဖြစ်စေနိုင်သော စကားမျိုးမှလွှဲ၍ မိဘနှစ်ပါး၏ အလုံးစုံသော ပြောဆို ဆုံးမ ချက်များကို မြေဝယ်မကျ လိုက်နာခြင်းပင် ဖြစ်ပေသည်။
သခင်မကြီး အာအေရှာ (ရသွေ့) သည် တမန်တော်မြတ်၏ဟဒီးစ်တော် တစ်ခုကို ဆင့်ပြန်တော်မူသည်မှာ ….တမန်တော်မြတ် (ဆွလ်လလ်လားဟို့ အလိုင်းဟေ့ ဝစလ်လာမ်) ထံတော်ပါးသို့ လူတစ်ဦးရောက်ရှိလာပေသည်။ထိုသူနဲ့အတူ အသက်အရွယ်ကြီးသော အဘိုးအိုတစ်ယောက်လည်းပါပေသည်။တမန်တော်မြတ် (ဆွလ်လလ်လားဟို့အလိုင်းဟေ့ဝစလာမ်)က ထိုသူကို မေးမြန်းတော်မူပေသည်။အဘိုးအိုမှာ မည်သူပါနည်း။ထိုသူက အဖြေပေးသည်မှာ ကျွှန်တော်၏ဖခင်ဖြစ်ပါသည်။ထိုအခါတမန်တော်မြတ်ကြီးက အမိန့်ရှိတော်မူပေသည် (အသင်သည် မည်သည့်အခါမျှ မိဘ၏အရှေ့မှ မလျှောက်လေနှင့်။မည်သည့်အခါမျှ မိဘမထိုင်ခင် အစောတလျှင် အသင်ရှေ့ဦးစွာ မထိုင်လေနှင့်။မည်သည့်အခါမျှ မိဘကို အမည်တပ်၍ မခေါ်လေနှင့်။မည်သည့်အခါမျှ မိဘကို မကောင်းမပြောလေနှင့်။
(မဂ်ျမအွလ်ဇဝါအိဒ် ဟဒီးနံပတ်၁၃၃၉၆)
အေမာမ်အွရ်ဝါးသခင်ကြီး အမိန်ရှိသည်မှာ မိဘနှစ်ပါးသည် အသင်အပေါ် မကောင်းပြောဆိုနေလျှင့်ကစား အသင်သည် မိဘနှစ်ပါးကို စူးရှသော အကြည့်မျိုးနှင့် မော့၍မကြည့်လေနှင့်၊ထိုအချိန်တွင် မိမိ မျက်လွှာကို အောက်ချထားပါ။
သခင်မကြီးအာအေရှာဟ်(ရသွေ့)အမိန်ရှိသည်မှာ မည်သူမဆို မိဘနှစ်ပါးကို စူးရှသော အကြည့်မျိုးနှင့် ကြည့်ပါက ထိုသူသည် မိဘနှစ်ပါးကို ကောင်းမွန်စွာ ဆက်ဆံသူမဟုတ်ပေ။
ဇွဟိးရ်အိဗ်နေ့မိုဟမ္မဒ် သခင်ကြီးအမိန့်ရှိသည်မှာ မိဘနှစ်ပါးသည် အသင့်ကို ဆဲဆိုနေပါစေ ၊မသင့်လျော်သော စကားမျိုးပြောဆိုနေပါစေ၊နိမ့်ချပြောဆိုနေပါစေ ထိုမိဘနှစ်ပါးအတွက် အသင်သည် ဆုမွန်ဒိုအာ တောင်းလျက်ရှိနေပါ။အို့အသျှင် မိဘနှစ်ပါး၏ အပြစ်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူပါ.၊မိဘနှစ်ပါးအပေါ်၌ အသျှင်မြတ်၏ဂရုဏာတော်များ လွမ်းခြုံတော်မူပါ ဟု တောင်းဆိုနေတော်မူပါ။
အဗ်ဒွလ်လားသခင်ကြီးသည် တမန်မြတ်(ဆွလ်လလ်လားဟို့အလိုင်းဟေ့ ဝစလာမ်)ကို မေးမြန်းလျှောက်ထားတော်မူပေသည်။မည်သည့် လုပ်ဆောင်ချက်သည် အမွန်မြတ်ဆုံးဖြစ်ပါသနည်း။တမန်တော်မြတ်(ဆွလ်လလ်လာဟို့အလိုင်းဟေ့ ဝစလာမ်)က ပြန်လည်ဖြေကြားသည်မှာ မိဘနှစ်ပါးကို ကောင်းမွန်စွာ ဆက်ဆံခြင်း ဖြစ်ပေသည်။