Sunday, March 17, 2013

Online ကုရ်အာန်ဖတ်ချင်သူများအတွက်

 Online ပေါ်တွင် နေ့စဉ်လိုလိုကုရ်အာန်ဖတ်ချင်သော အဝေးရောက်သူငယ်ချင်းများ
အတွက်ရည်ရွယ်ပြီး တင်ပေးတင်ပေးလိုက်တာပါ ။
             Online ကုရ်အာန်ကို ဒီလင့် မှာဒေါင်းယူနှိင်ပါသည်
                

ကျမ်းမြတ်ကုရ်အာန်ကို PDF လေးဖြင့်လိုချင်သူများအတွက်

ကျမ်းတော်မြတ်ကုရ်အာန် ကို PDF ဖြင့်လိုချင်သူများအတွက် ရည်ရွယ်ပြီး တင်ပေး
လိုက်ပါတယ်  လိုချင်သူများအောက်မှာ ဒေါင်းယူနှိင်ပါသည် ၊၊

                             download ကို ဒီလင့်မှာယူပါ

ဟေကာယာတေဆွာဟာဗဟ်ကျမ်း








 (ဟေကာယတေ့ ဆွဟာဗဟ်ကျမ်းစာအုပ်လေးပါ )
ကျမ်းပြုသူ – ရှိုက်ခွလ်ဟဒီးဆ် မော်လာနာ ဇကရီယာ
ပြန်ဆိုသူ – မော်လာနာ မုဟမ္မဒ် မူစာ
                                                    ဒီမှာ ဒေါင်းပါ

                        

Friday, March 8, 2013

အစ္စလာမ့် အမိန့်ပညတ်တော်များဆိုင်ရာ သိကောင်းစရာ

သန္ဓေတည်တဲ့ အချိန်ကစပြီးတော့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှ လူ့ရဲ့ခန္ဓာကိုယ် ဖွံ့ဖြိုးလာမှု အဆင့်ဆင့်ကို 

သိပ္ပံပညာရှင်များနဲ့ ၊ ဆေးသုတေသီများက လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်လောက်မှ စတင်သိရှိခဲ့တာဖြစ်ပါတယ် ။

ဒါပေမယ့် ရှေးနှစ်ပေါင်း(၁၄၀၀)အရင်ကတည်းက ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ အလ္လာဟ်ရှင်မြတ်က အခုလို မိန့်ကြားတော်မူခဲ့တယ် …

“ မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွံ့မြေရဲ့ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကာလရေကြည် (သုက်ရည်)ဖြစ်စေတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ ကာလရေကြည် (သုက်ရည်)ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်တယ် ။

တစ်ဖန်ငါအရှင်မြတ်သည် အဲဒီ သွေးခဲကို အသားတုံးအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်တယ်။

အဲဒီနောက်.. ငါအရှင်မြတ်သည် အဲဒီ အသားတုံးကို အရိုးများ အဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ အရိုးများကို အသားဖြင့် တန်ဆာ ဆင်မြန်း၍ ပေးတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ (အသားဖြင့်ဆင်မြန်းပြီးသောအရိုးများ)ကို အခြား ဖန်ဆင်း အပ်သော အရာတစ်ခု (လူသား)အဖြစ် ဖြစ်ထွန်းလာစေတော်မူခဲ့တယ် ။

သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်ရှင်မြတ်သည် အဘယ်မျှထူးကဲ မြင့်မြတ်လှပါသနည်း ။ ”

(ကုရ်အာန် - ၂၃း ၁၂ - ၁၄)

ကျွန်တော့် ချစ်မောင်နှမများ . . .

အရာခပ်သိမ်းအားလုံးကို ဖန်ဆင်းတော်မူသော အလ္လာဟ်ရှင်မြတ်ရဲ့ မုအ်ဂျေဇဟ်(တန်ခိုးတော်တွေ)ကို သိရှိပြီးနောက် 

အလ္လာဟ်ရှင်မြတ်ကို မြောက်မြားစွာ ချီးမွမ်းထောပနာပြုကြပါစို့ 

سبحان الله العظيم

Wednesday, March 6, 2013

သံဝေဂတရား ရရှိနိင်မည်. နဗီကြီး၏ ဆိုဆုံးမ စကားးး


သံဝေဂတရား ရရှိနိင်မည်. နဗီကြီး၏ ဆိုဆုံးမ စကားးး

တနေ.သောအခါ လောကီ လောကုတ္တရာ နှစ်ဘ၀လုံးရဲ. လမ်းပြ ကိုယ်တော်မြတ်သခင်(ဆွ)သည် ချစ်ဇနီးအာအေရှာဟ်(ရသွေ့ )သခင်မနှင့် တူတူထိုင်နေစဉ် အိမ်ရှေ.မှ အမျိုးသမီးတဦးဖြတ်သွားသည်ကို မြင်လိုက်ပီး အာအေရှာဟ်(ရသွေ.)သခင်မက ဤအမျိုးသမီးသည် အတော်ပင်အရပ်ပု သည်ဟုပြောမိလေသည်...ထိုအခါ ကိုယ်တော်မြတ်(ဆွ)သခင်က အိုအာအေရှာဟ် ယခုအသင်မရဲ. ဤစကားတခွန်းသည် ကျွန်ပ်တို.အား ကျွေးမွေးစောက်ရှောက်တော်မူသော ALLAH ရှင်မြတ်ထံတော်ပါးတွင် အဘယ်မျှ သေးသိမ်သွားပါသနည်းဟုဆိုရလျှင် အသင်မ၏ ဒီစကားတခွန်းအားကိုယူ၍ ပင်လယ်ထဲသို. နှစ်လိုက်မည်ဆိုပါက ငံနေသောပင်လယ်ရေတို.သည် ထိုစကားတခွန်းကြောင့် ခါးကုန်လိမ့်မည်ဟု ဆိုဆုံးမတော်မူလေသည်......

ထိုကြောင့် ညီအကိုမောင်နှမများခင်ဗျာ...ကျွန်တော်တို.သည် တခြားသော သူတပါးတို.အား ပုတ်ခတ်ပြောခြင်း အတင်းပြောခြင်း ကုန်းချောခြင်း နှင့် သူတပါးအား ထိခိုက်စေသော ပြောဆိုခြင်း လုပ်ဆောင်ခြင်းတို.မှ ရှောင်ကြရန် အထူး ဂရုစိုက်သင့်ပေသည်.....ALLAH ရှင် ကျွန်တော်နှင့်တကွ ညီအကိုမောင်နှမ များ အားလုံးကို ထိုသို. ဖြစ်ရပ်များမှ ရှောင်ရှားနိင်သော အရည်အချင်း ပေးသနားတော်မူပါစေ......