Friday, March 8, 2013

အစ္စလာမ့် အမိန့်ပညတ်တော်များဆိုင်ရာ သိကောင်းစရာ

သန္ဓေတည်တဲ့ အချိန်ကစပြီးတော့ မိခင်ရဲ့ဝမ်းဗိုက်ထဲမှ လူ့ရဲ့ခန္ဓာကိုယ် ဖွံ့ဖြိုးလာမှု အဆင့်ဆင့်ကို 

သိပ္ပံပညာရှင်များနဲ့ ၊ ဆေးသုတေသီများက လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်လောက်မှ စတင်သိရှိခဲ့တာဖြစ်ပါတယ် ။

ဒါပေမယ့် ရှေးနှစ်ပေါင်း(၁၄၀၀)အရင်ကတည်းက ကျမ်းတော်မြတ်ကုရ်အာန်ထဲမှာ အလ္လာဟ်ရှင်မြတ်က အခုလို မိန့်ကြားတော်မူခဲ့တယ် …

“ မချွတ်မလွဲ ငါအရှင်မြတ်သည် လူသားကို ရွံ့မြေရဲ့ အဆီအနှစ်ဖြင့် ဖန်ဆင်းတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် ထိုလူသားကို လုံခြုံသောနေရာတစ်ခု (သားအိမ်တွင်း)၌ ကာလရေကြည် (သုက်ရည်)ဖြစ်စေတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ ကာလရေကြည် (သုက်ရည်)ကို သွေးခဲအဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်တယ် ။

တစ်ဖန်ငါအရှင်မြတ်သည် အဲဒီ သွေးခဲကို အသားတုံးအဖြစ်ဖန်ဆင်းတော်မူခဲ့ပြန်တယ်။

အဲဒီနောက်.. ငါအရှင်မြတ်သည် အဲဒီ အသားတုံးကို အရိုးများ အဖြစ် ဖန်ဆင်းတော်မူခဲ့ပြန်တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ အရိုးများကို အသားဖြင့် တန်ဆာ ဆင်မြန်း၍ ပေးတော်မူခဲ့တယ် ။

ထို့နောက် ငါအရှင်မြတ်သည် အဲဒီ (အသားဖြင့်ဆင်မြန်းပြီးသောအရိုးများ)ကို အခြား ဖန်ဆင်း အပ်သော အရာတစ်ခု (လူသား)အဖြစ် ဖြစ်ထွန်းလာစေတော်မူခဲ့တယ် ။

သို့ဖြစ်ပေရာ အကောင်းဆုံးသော ဖန်ဆင်းတော်မူသော အလ္လာဟ်ရှင်မြတ်သည် အဘယ်မျှထူးကဲ မြင့်မြတ်လှပါသနည်း ။ ”

(ကုရ်အာန် - ၂၃း ၁၂ - ၁၄)

ကျွန်တော့် ချစ်မောင်နှမများ . . .

အရာခပ်သိမ်းအားလုံးကို ဖန်ဆင်းတော်မူသော အလ္လာဟ်ရှင်မြတ်ရဲ့ မုအ်ဂျေဇဟ်(တန်ခိုးတော်တွေ)ကို သိရှိပြီးနောက် 

အလ္လာဟ်ရှင်မြတ်ကို မြောက်မြားစွာ ချီးမွမ်းထောပနာပြုကြပါစို့ 

سبحان الله العظيم

No comments:

Post a Comment